





USED MAINLY IN CONSTRUCTION





Millcon Thiha
Millcon Thiha Limited အနေနဲ့ အရည်အသွေးမြင့်ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို ထုတ်လုပ်ဖြန့်ချီလျက်ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျသော မြို့တော် ရန်ကုန်မြို့တွင်တည်ရှိပါသည်။ ၂၀၁၄ ခုနှစ်၌စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအချေစိုက်ဖြစ်ကာ အရည်အသွေးမြင့် သံမဏိထုတ်ကုန်များနှင့် ကွန်ကရစ်နှင့်ပတ်သက်သော ထုတ်ကုန်ပစ္စည်းများအား ဖြန့်ချီလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်း ထိပ်ဆုံးဖြန့်ချီရောင်းချသူ (၅) ဦးစာရင်းဝင်ဖြစ်ပြီး သတ္တုစိမ်ပိုက် (Galvanized Pipes) များဖြန့်ချီရာ၌ ထိပ်ဆုံးမှရပ်တည်နေသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။
Millcon Thiha သည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး သံမဏိစက်ရုံဖြစ်သည့် Millcon Steel ၏ မိတ်ဖက်ပါတနာတစ်ဦးဖြစ်သည်။ Millcon Steel သည်ထိုင်းနိုင်ငံ၏ အကြီးဆုံးအရည်အသွေးမြင့် သံမဏိထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြုးရောင်းချသူတွေထဲမှ တစ်ဦးဖြစ်ပါ သည်။
အလားတူ နိုင်ငံအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ Millcon Thiha Gel Co.,ltd မှာ ကျွန်ုပ်တို့၏ အကျိုးတူပါတနာတစ်ဦးဖြစ်ပါသည်။
ကျွန်ုပ်တို့အနေနဲ့ အရည်အသွေးမြင့်မားသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုသာ တင်သွင်းပြီး နိုင်ငံအတွင်း အရည်အသွေးစံနှုန်းပြည့်မှီသော သံမဏိပစ္စည်းများ အသုံးပြုခြင်း ပြောင်းလဲမှုအရွေ့သို့ အဓိကရည်ရွယ်ချက်ထား၍ ဖော်ဆောင်လျက်ရှိပါသည်။
ဘာကြောင့်ရွေးချယ်သင့်တာလဲ ?
ရောင်းချသောသံမဏိပစ္စည်းများ အရည်အသွေးမှန်ကန်ကြောင်း (Foreign) Milltest Certificate နှင့် (Local) Lab Test Certificate တို့အာ; ထည့်သွင်းရောင်းချနိုင်ခြင်း။
ငွေပေးချေမှုအပိုင်း၌ ဘဏ်အကောင့်များဖြင့် အဆင်ပြေလွယ်ကူစွာပေးချေနိုင်ခြင်း။

မြန်မာနိုင်ငံအတွင်း ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီကြီးများစွာ၏ Valued Supplier တစ်ဦးအနေနှင့် ရပ်တည်နိုင်ယုံသာမက အခြားသောလက္ကားရောင်းချသူဆိုင်ကြီးများ၏ အစဥ်အားပေးမှုရရှိထားသော ကုမ္ပဏီတစ်ခုအဖြစ်ရပ်တည်နိုင်ခြင်း။
ကျွန်ုပ်တို့၏ ဖောက်သည်ကြီးများ
ကျွန်ုပ်တို့သည် ဖောက်သည်များ၏ အမှန်တကယ်လိုအပ်ချက်ကိုအစဥ်ကြိုးစားရှာဖွေလျက်ရှိပြီး စျေးကွက်အတွင်းရှိ လိုအပ်ချက်စံနှုန်းအရည်အသွေးပြည့်မှီသော သံမဏိထုတ်ကုန်များကို သက်သာမှန်ကန်သောစျေးနှုန်းများဖြင့် ထောက်ပံ့ကာ ဖောက်သည်ကြီးများ၏ လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးပါသည်။
Add Your Heading Text Here
နိုင်ငံအတွင်းဆောက်လုပ်ရေးနယ်ပယ်ရှိ လိုအပ်သောအရည်အသွေးမြင့်သံမဏိထုတ်ကုန်များကို အဓိကထားဖြန့်ဖြူးရောင်းချလျက် လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသော ကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါသည်။
ဆောက်လုပ်ရေးနယ်ပယ်၌အဓိက အသုံးပြုလျက်ရှိသော အရည်အသွေးမြင့် သံမဏိထုတ်ကုန်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပါသည်။